
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ အမှုကို လက်ခံဖို့ သင့်မသင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဒီကနေ့ ဇူလိုင် ၁ ရက်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒီအမှုကို ခုံရုံးက လက်ခံလိုက်ရင် စီရင်ချက်မချမီအထိ ရာထူးက ဆိုင်းငံ့ခံထားရမှာ ဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ် ၃၆ ယောက်က တင်သွင်းတဲ့ လျှောက်လွှာမှာ ဖဲထောင်းထန်းနဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းပြောဆိုမှုအသံဖိုင်ကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က လျှောက်ထားခဲ့ပါတယ်။
အသံဖိုင်ထဲမှာ ဖဲထောင်းထန်းက အမှတ် ၂ စစ်တိုင်းမှူးကို ရန်ဘက်အဖြစ် ပြောဆိုတာ၊ ဟွန်ဆန်ကို အညံ့ခံလိုက်လျောတဲ့ လေသံနဲ့ ပြောဆိုတာ၊ ကမ္ဘောဒီးယားဘက်က တောင်းဆိုသမျှလိုက်နာဖို့ အသင့်ဖြစ်နေတာတွေဟာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၁၆၀၊ ပုဒ်မခွဲ ၄ နဲ့ ၅ အရ အရည်အချင်းနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ရာ ရောက်တယ်လို့ ဖဲထောင်းထန်းက ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရိုးဖြောင့်မှုမရှိဘူး၊ ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ရာ ရောက်တယ်လို့လည်း စွပ်စွဲထားပါတယ်။
Source:Reuters