
Blue Origin ကုမ္ပဏီရဲ့ New Shepard အာကာသယာဉ်ဟာ ဇွန် ၂၉ ရက်က ခရီးသည် ၆ ယောက်ကို တင်ဆောင်ပြီးတော့ ၁၁ မိနစ်ကြာ အာကာသ ခရီးတိုကို အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့ပါတယ်။
ဆွဲငင်အားမဲ့ အခြေအနေကို မိနစ်ပိုင်းသာ ခံစားရတာဖြစ်တဲ့ ကမ္ဘာပတ်လမ်းကြောင်းကို ကျော်ပြီး ပျံတက်တဲ့ ခရီးစဉ်ဟာ Amazon သူဌေး ဂျက်ဖ်ဘီးဇော့ဖ် ပိုင်တဲ့ Blue Origin အတွက် ၁၃ ကြိမ်မြောက် လူလိုက်ပါ အာကာသခရီးစဉ်လည်း ဖြစ်ပါတယ်။
ပျံသန်းမှု စုစုပေါင်းအနေနဲ့ဆိုရင်တော့ ၃၃ ကြိမ် ရှိပြီဖြစ်တဲ့အတွက် NS-33 လို့ နာမည်ပေးထားပါတယ်။
ဒီတကြိမ်မှာလည်း ရှေ့နေတွေ၊ ပရဟိတသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါခဲ့ကြပါတယ်။
ဒီခရီးစဉ်အတွင်းမှာ အာကာသတွင်း ရောက်တဲ့အချိန် ထိုင်ခုံခါးပတ်ချွတ်ပြီးတော့ ဆွဲငင်အားမဲ့ အခြေအနေကို ခံစားနိုင်တာ ဖြစ်ပါတယ်။
New Shepard ဒုံးယာဉ်ဟာ ပြန်သုံးနိုင်တဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ အာကာသယာဉ် ဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ SpaceX ဒုံးယာဉ်တွေလိုမဟုတ်ဘဲ အာကာသခရီးတို အပျော်စီးယာဉ်မျိုးသာ ဖြစ်ပါတယ်။
Source: Reuters