အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရပ်ရှ်ထရာပြည်နယ်ရှိ အင်ဒရာယာနီ မြစ်ကူးတံတား ပြိုကျမှုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပြီး တံတားအပျက်အစီးတွေအောက် ပိတ်မိနေသူ အများအပြားကို ရှာဖွေနေဆဲဖြစ်ကြောင်း ပူးနာမြို့မှ ကယ်ဆယ်ရေးသမားတွေက ဇွန် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
“အပျက်အစီးအောက်မှာ လူ ၃ ယောက်ကနေ ၄ ယောက်လောက် ပိတ်မိနေသေးတယ်လို့ ဒေသခံတွေက အကြောင်းကြားထားပါတယ်။ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရှာဖွေရေးလုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေ ဒီကိုရောက်တာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်တော့မှာပါ” လို့ ကယ်ဆယ်ရေးအဖွဲ့မှ အရာရှိ ဆာဂါး ဒါဟီဘမ်ကားက ပြောပါတယ်။
ဇွန် ၁၅ ရက်က အင်ဒရာယာနီ မြစ်ကူးတံတားပေါ်မှာ ကမ္ဘာလှည့်ခရီးသည် အများအပြား ရှိနေချိန်မှာ တံတားပြိုကျသွားတာဖြစ်ပြီး လူအများအပြား လွင့်ကျကုန်တာ ဖြစ်ပါတယ်။
လူ ၅၀ ကို ကယ်ဆယ်ခဲ့ပြီး ၇ ယောက်ကတော့ ဒေသတွင်းက အသာရ်ဗာဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်မှာ တင်ထားကြောင်းနဲ့ သူတို့ရဲ့ အခြေအနေကိုလည်း အကဲဖြတ်နေကြောင်း ပူးနာ ခရိုင်အုပ်ချုပ်ရေးမှူး ဂျီတန်ဒြာ ဒူဒီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဆရာဝန်ရဲ့ အဆိုအရ လူနာ ၆ ယောက်ဟာ အန္တရာယ်ဇုန်မှ လွတ်မြောက်နေပြီး လူနာတယောက်ကတော့ စိုးရိမ်ရပေမဲ့လည်း အခြေအနေ တည်ငြိမ်နေတယ်လို့ သိရကြောင်းလည်း ဆိုပါတယ်။
Source: Reuters