
အက်သလက်တီကိုအသင်းဟာ လီဗာပူးနောက်ခံလူ အန်ဒီရော်ဘတ်ဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
လီဗာပူးအသင်းဟာ နောက်ပိုင်းနှစ်တွေမှာ စွမ်းဆောင်ရည် ကျဆင်းလာတဲ့ ရော်ဘတ်ဆန်ရဲ့ နေရာမှာ ဘုန်းမောက်က မီလိုကာကတ်ဇ်နဲ့ အစားထိုးဖို့ လုပ်ဆောင်နေတာကို အက်သလက်တီကိုက အခွင့်ကောင်းယူဖို့ ပြင်ဆင်လာခဲ့တာပါ။
အသက် ၃၁ နှစ်ရှိလာတဲ့ စကော့တလန်နောက်ခံလူဟာ လီဗာပူးနဲ့ အနာဂတ် မသေချာသေးကြောင်း ပြောဆိုထားတာကြောင့် အက်သလက်တီကိုဘက်က အမှန်တကယ် ကမ်းလှမ်းလာရင် ပြောင်းရွှေ့ဖို့ ရှိပါတယ်။
အသင်းဖော် နောက်ခံလူ အာနိုးလ်ဟာလည်း မက်ဒရစ် အခြေစိုက်ကလပ် ရီးရဲလ်မက်ဒရးစ်ကို ပြောင်းရွှေ့သွားတာကြောင့် ရော်ဘတ်ဆန်အနေနဲ့လည်း မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။