
နာပိုလီအသင်းဟာ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းကို ခေါ်ယူခဲ့ပြီးနောက်မှာ အသင်းဖော် ဂရေးလစ်ရှ်ကိုလည်း ထပ်မံခေါ်ယူဖို့ စီစဉ်လာပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားကစားမယ့် မန်စီးတီးလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းပြောင်းရဖို့ သေချာသလောက် ဖြစ်သွားခဲ့တာပါ။
မန်စီးတီးမှာ အနာဂတ်မရှိနိုင်တော့တဲ့ ဂရေးလစ်ရှ်ကို နာပိုလီအသင်းက ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီး စီးတီးဘက်က ပေါင် ၄၅ သန်းလောက် အလိုရှိနေပါတယ်။
စီးတီးဟာ ၂၀၂၁ ခုနှစ်က ဂရေးလစ်အတွက် ပေါင်သန်း ၁၀၀ အကုန်အကျခံ ခေါ်ယူခဲ့တာဖြစ်ပြီး တပတ်ပေါင် ၃ သိန်း ပေးချေနေရတာပါ။
နာပိုလီအသင်းဟာ မန်ယူတောင်ပံကစားသမား ဂါနာချိုကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အဆိုပါကစားသမား ၂ ယောက်ထဲက တယောက်ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။