
အင်အားပြင်း ငလျင်ဒဏ်ကြောင့် စာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန် ၁၆ ရက်က စတင်ပြီး ပြန်လည် စစ်ဆေးနေပါတယ်။
မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်မှာ ထားရှိတဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ အဖြေလွှာတွေ မီးလောင်ဆုံးရှုံးခဲ့လို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ပြန်လည်ဖြေဆိုကြရတာ ဖြစ်ပါတယ်။
အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ဖြေဆိုသွားကြရမှာလို့ မြန်မာနိုင်ငံစာစစ်ဦးစီဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။