
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမြောက်ထုတ်လုပ်ရေးကို အရှိန်မြှင့်ဖို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကထုတ်လွှင့်ခဲ့ပြီး ကင်မ်ဟာ သူ့သမီးနဲ့အတူ စစ်ဘက်ပစ္စည်းထုတ် စက်ရုံတွေကို လိုက်စစ်ဆေးနေတာတွေကို ပြထားတဲ့ ဓာတ်ပုံတွေကိုလည်း ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်က သတ္တုပုံသွင်းဖိခြင်းနဲ့ ပစ္စည်းတပ်ဆင်ခြင်း လုပ်ဆောင်တဲ့ လိုင်းတွေကို လိုက်လံကြည့်ရှုခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ အမြောက်ထုတ်လုပ်ရေး တိုးတက်မှုကို စစ်ဆေးခဲ့ကာ လုပ်ငန်းတိုးတက်မှုအတွက် လုပ်ဆောင်စရာအသစ်တွေကိုလည်း အကြံပြုခဲ့တယ် လို့လည်း နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်လွှင့်ခဲ့ပါတယ်။
ခေတ်သစ်စစ်ပွဲအတွက် ခေတ်မီလက်နက်ကြီးတွေ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ လိုအပ်ကြောင်း ကင်မ်က အလေးပေးပြောကြားခဲ့ပြီး စွမ်းရည်မြှင့်တင်ခြင်း၊ လုပ်ငန်းစဉ်တွေကို ချောမွေ့စေခြင်းနဲ့ စက်ယန္တရားတွေနဲ့ အလိုအလျောက် ထုတ်လုပ်ရေးကို ခေတ်မီမီ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
လတ်တလောလတွေအတွင်း စစ်တပ်ကို အားကောင်းလာစေဖို့နဲ့ ရုရှားနဲ့ မြှင့်တင်ဖို့အတွက် သူ့ရဲ့ လူသိရှင်ကြား လှုပ်ရှားမှုတွေကို အာရုံစိုက် လုပ်ဆောင်လာခဲ့ပါတယ်။
အခုလထဲမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ လစ်ဘရယ်သမ္မတအသစ်ကို ရွေးချယ်လိုက်ခြင်း ကြောင့် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက တောင်ကိုရီးယားအပေါ် ဝေဖန်မှုနဲ့ပတ်သက်လို့ အများစု နှုတ်ဆိတ်နေခဲ့ပါတယ်။
Source: euters