Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဉ် ၁၄ အတွက် ရန်ကုန်နှင့် မြိတ်က လူငယ်များအား သင်တန်းကျောင်းပို့
DVB
·
June 14, 2025

ရန်ကုန်နဲ့မြိတ်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၄ အတွက် ဇွန် ၁၃ ရက်စပြီး လူငယ်တွေကို သင်တန်းကျောင်းတွေဆီပို့နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာရှိတဲ့ လူငယ်တွေကို ကမ်းရိုးတန်းစစ်ဌာနချုပ်က မြိတ်မြို့နယ်မှာရှိတဲ့ နယ်မြေခံတပ်ရင်းကတဆင့် ပလောက်မြို့ အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်းကို ပို့တာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“သင်တန်းမဖွင့်ခင် သင်တန်းသားတွေကို နယ်မြေခံတပ်မှာ အရင်စု၊ ဆေးစစ်တာတွေ တပ်ဝင် ပုံစံတွေဖြည့်ပြီး သင်တန်းကျောင်းကိုပို့တာ။ ပုံမှန်ဆို အပတ်စဉ် ၁ ခုကို သင်တန်းသား ၄၅၀ နဲ့ ၄၇၀ ကြားရှိတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းထဲက လူငယ်တွေကိုတော့ စစ်ကောင်စီက ဇွန် ၁၃ ရက်မှာ စခတ ၁၊ တကက ၁၊ ခြေလျင်/အကူ၊ ကိုယ်ခံပညာနဲ့အားကစားသိပ္ပံ သင်တန်းကျောင်းတွေဆီကို ပို့ခဲ့တယ်လို့ ရဲမွန်တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၆ ရက်က စစ်မှုထမ်းအပတ်စဉ် ၁၁ ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲလို့ ကျန်တိုင်းစစ်ဌာနချုပ် ၁၃ ခုမှာ သင်တန်းဆင်းခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီးနောက် မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ပြီး အခုဆိုရင် အပတ်စဉ် ၁၄ အထိ ရောက်လာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024