
လာမယ့် ဇွန် ၂၆ ရက်ကစလို့ ဖေ့စ်ဘွတ်ခ်မှာ မြန်မာဘာသာစကားကို ယူနီကုတ်နဲ့ ဇော်ဂျီ အလိုအလျောက် စာသားပြောင်းလဲပေးတော့မှာမဟုတ်လို့ ဖုန်းထဲမှာ ဘာသာစကား Setting ကို ပြောင်းလဲထားကြဖို့ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta က ဇွန် ၁၃ ရက်မှာ ကြေညာထားပါတယ်။
ဖုန်းမှာထည့်ထားတဲ့ ဘာသာစကား Setting ကို မြန်မာဘာသာ ယူနီကုတ်ကို မပြောင်းလဲထားဘူးဆိုရင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာရှိတဲ့ အကြောင်းအရာအပြည့်အစုံကို ဖတ်ရှုလို့ မရနိုင်တာ ဖြစ်နိုင်သလို ကိုယ်တင်ထားတဲ့ပိုစ်တွေကလည်း တခြားသူတွေဆီမှာ မှန်မှန်ကန်ကန် မပေါ်နိုင်တာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် မြန်မာဘာသာ ဇော်ဂျီနဲ့ ထည့်သွင်းထားတဲ့ အကောင့်အမည်ကလည်း မှန်မှန်ကန်ကန် မပေါ်နိုင်တာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဖုန်းထဲမှာ ဘာသာစကား Setting ကို ပြောင်းလဲကြဖို့ သတိပေးထားပြီး ဖုန်း Keyboard ကိုလည်း ပြောင်းလဲဖို့၊ ဇော်ဂျီနဲ့ရေးထားတဲ့ အကောင့်နာမည်ကို ပြောင်းလဲဖို့ စတာတွေ အတွက် https://www.facebook.com/help/1824022561788685 ကနေလည်း ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။
မြန်မာနိုင်ငံမှာ ယူနီကုတ်စံစနစ်ကို ၂၀၁၉ ခုနှစ်တုန်းက စတင်ပြောင်းခဲ့တာဖြစ်ပါတယ်။