
မန်ယူအသင်းဂျာစီ ဝတ်ဆင်ခွင့်ရဖို့က ငယ်ဘဝအိပ်မက်တခုဖြစ်ကြောင်း ကစားသမားသစ် မာသီးယက်စ် ကူညာက ပြောသွားပါတယ်။
ဘရာဇီးလက်ရွေးစင်တိုက်စစ်ကစားသမားဟာ မနှစ်က ဝုဗ်အသင်းမှာ ၁၇ ဂိုး သွင်းခဲ့ပြီးနောက် ပေါင် ၆၂ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် ကစားသမားဖြစ်လာတဲ့အပေါ် စကားလုံးနဲ့ပြောဖို့ ခက်ခဲကြောင်း၊ ငယ်စဉ်ကတည်းက အဘွားဖြစ်သူရဲ့အိမ်က တီဗွီကနေ ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ခဲ့ပြီး မန်ယူနိုက်တက်က အနှစ်သက်ဆုံး အင်္ဂလိပ်အသင်းဖြစ်ကြောင်း ကူညာက ပြောပါတယ်။
ယူနိုတ်တက်ရဲ့ အနီရောင်ဂျာစီကို ဝတ်ဆင်ခွင့်ရဖို့ ငယ်စဉ်ကတည်းက အိပ်မက်ရှိခဲ့ပြီး အခုလို အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ကူညီပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်း အသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုအပြီးမှာ ကူညာက ပြောသွားပါတယ်။
Photo:Reuters