
မက္ကဆီကိုမှ အမေရိကန်ကို ဖန်တနဲလ် မူးယစ်ဆေးမှောင်ခိုကူးမှုဟာ ဇန်နဝါရီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးကတည်းက ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်း မက္ကဆီကို သမ္မတကလောက်ဒီဘာ ရှိန်းဘောင်းမ်က ဇွန် ၆ ရက်မှာ ပြောပါတယ်။
မက္ကဆီကိုကနေ အမေရိကန်ပြည်ထောင်စုကို ဖန်တနဲလ် စီးဆင်းမှုက သိသိသာသာ ကျဆင်း သွားတာဖြစ်ပြီး အမေရိကန်အစိုးရရဲ့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး (CBP) ဆီမှ အချက်အလက်တွေကို စောင့်မျှော်နေကြောင်း မက္ကဆီကို သမ္မတ ရှိန်းဘောင်းမ်က ပြောပါတယ်။
သမ္မတ ထရမ့်ပ် တက်လာချိန်နဲ့ ဒီကနေ့ကြားမှာ ကျဆင်းမှုက ၄၀ ရာခိုင်နှုန်းနီးပါး ဆိုတာကို ဘယ်လို တိုင်းတာလဲဆိုတော့ အမေရိကန်အစိုးရအေဂျင်စီတွေကတဆင့် အမေရိကန်- မက္ကဆီကို နယ်စပ်မှာ ဖမ်းမိတဲ့ ဖန်တနဲလ်ပမာဏ သိသိသာသာ ကျသွားတာနဲ့ တွက်ချက်ကြည့်တာဖြစ်ပြီး အဲဒါကလည်း မက္ကဆီကို နယ်စပ်ဘက်မှာ ဖမ်းမိထားခဲ့လို့ပဲလို့လည်း ဆိုပါတယ်။
မက္ကဆီကိုက ဖန်တနဲလ်ကို ဖမ်းနေတာဟာ သမ္မတ ထရမ့်ပ် ကျေနပ်အောင် လုပ်နေတာ မဟုတ်ဘဲ ဖန်တနဲလ်ကို အမေရိကန်မှာ ဘယ်လူငယ်ဆီကိုမှ မရောက်စေချင်တာကြောင့်၊ ဒါတင်မက မက္ကဆီကိုမှာရှိတဲ့ ဒါမှမဟုတ် ကမ္ဘာပေါ်ရှိတဲ့ ဘယ်လူငယ်တွေဆီကိုမှ လွယ်လွယ်ရ မနေစေချင်တာကြောင့်ဖြစ်တယ်လို့လည်း ရှိန်းဘောင်းမ်က ပြောဆိုပါတယ်။
ထရမ့်ပ်ကတော့ ဖန်တနဲလ် မှောင်ခိုကိစ္စက မက္ကဆီကိုအပေါ် စည်းကြပ်ခွန်တွေ ချမှတ်ရတဲ့ အကြောင်းရင်း တခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ဒါပေမဲ့ အဲဒါတွေဟာ ၃ နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက်အရ နိုင်ငံတွင်းကို ဝင်ရောက် လာတာကြောင့် ကုန်စည်တင်ပို့မှုတွေကိုတော့ မသက်ရောက်ဘူးလို့လည်း ဆိုပါတယ်။
Source:Reuters