
လီဗာပူးနဲ့ အပြောင်းအရွှေ့အပေါ် အရာအားလုံး မယုံကြည်သင့်ကြောင်း လီဗာကူဆင် ကွင်းလယ်လူ ဖလော်ရီယန်ဝစ်ဇ်က ပြောပါတယ်။
ဂျာမန်လက်ရွေးစင်ကစားသမားဟာ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး နှစ်ဖက်အသင်းကြားမှာ ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်းနေကြတာပါ။
လီဗာပူးအသင်းက ပေါင် ၁၀၉ သန်းအထိ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ လီဗာကူဆင်ဘက်က ပေါင်သန်း ၁၂၀ အလိုရှိနေတာကြောင့် ဆက်လက်ဆွေးနွေးညှိနှိုင်းနေတဲ့ အခြေအနေပါ။
သတင်းတွေမှာတော့ ဝစ်ဇ်ဟာ လီဗာပူးမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ဖို့ တောင်းဆိုထားကြောင်း ရေးသားနေကြတာပါ။
ဖလော်ရီဝစ်ဇ်ကတော့ ကျောနံပါတ် ၁၀ လိုချင်တယ်လို့ ဘယ်သူကပြောသလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ကစားသမားအားလုံးကို လေးစားမှုရှိကြောင်းနဲ့ သတင်းတွေမှာ ရေးသားနေကြတာ အားလုံးကို မယုံကြည်သင့်ကြောင်း သူ့ရဲ့ အင်စတာဂရမ်ကနေ ပြောသွားတာပါ။
လီဗာပူးအသင်းမှာ ကျောနံပါတ် ၁၀ က ကွင်းလယ်လူ မက်အလစ္စတာ ဝတ်ဆင်ကစားနေတာ ဖြစ်ပါတယ်။