
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာရ်ဂေ ရွှိုင်ဂူနဲ့ ပြုံယမ်းမှာ တွေ့ဆုံခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် KRT ရုပ်မြင်သံကြားက ဇွန် ၅ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဇွန် ၄ ရက်က ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း ကင်မ်ဂျုံအန်းက ယူကရိန်းနဲ့ တခြား နိုင်ငံတကာကိစ္စရပ်တွေမှာ ရုရှားရဲ့ ရပ်တည်မှုအတွက် ခြွင်းချက်မရှိ ထောက်ခံကြောင်း ကတိပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ နှစ်နိုင်ငံရဲ့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာအားကောင်းစေရေးနဲ့ နယ်ပယ်အသီးသီးမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မနှစ်က ပြုံယမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ထိပ်သီးညီလာခံအတွင်း သဘောတူစာချုပ် တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူစာချုပ်ထဲမှာ လက်နက်ကိုင်ရန်စမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ စစ်ရေးအရ အပြန်အလှန် ကာကွယ်ရေး အကူအညီပေးဖို့ အချက်လည်း ပါ၀င်ပါတယ်။
Source: Reuters