
မန်စီးတီးအသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်ကွင်းလယ်လူ ချာကီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
အသက် ၂၁ နှစ်ရှိ ပြင်သစ်လက်ရွေးစင်ဟာ မနှစ်က စုစုပေါင်း ၄၄ ပွဲမှာ ၁၂ ဂိုး သွင်းခဲ့သူဖြစ်ပြီး ယူရိုပါလိဂ်မှာ မန်ယူအသင်းကိုလည်း ၂ ဂိုးသွင်းခဲ့သူပါ။
ချာကီအတွက် ပေါင် ၃၅ သန်းလောက် ပေးချေမယ်ဆိုရင် ခေါ်ယူနိုင်မှာဖြစ်ပြီး မန်စီးတီးဘက်က အပြီးသတ်ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ချာကီကတော့ အနာဂတ်ကို မသိနိုင်ပေမဲ့ လိုင်ယွန်အတွက် အရာအရာပေးဆပ်ကစားခဲ့ပြီး တခြားအသင်းဖော်တွေ ထွက်ခွာသွားပေမဲ့ အသင်းမှာ ဆက်ရှိနေတဲ့အပေါ် နောင်တရစရာ မရှိကြောင်းနဲ့ တခြားအသင်းတွေနဲ့ ဆွေးနွေးမှုမရှိသေးဘဲ လိုင်ယွန်အသင်းက နှလုံးသားထဲမှာ အမြဲရှိနေမယ့်အသင်းဖြစ်ကြောင်း ပြောပါတယ်။
မန်စီးတီးဟာ အေစီမီလန်က ဟော်လန်ကွင်းလယ်လူ တိုင်ဂျာနီရိုင်ဒါစ်ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။