
သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က မေ ၃၁ ရက်က စင်ကာပူမှာ ကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် လုံခြုံရေး ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ဒေသတွင်း စစ်တပ် တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာစေဖို့ တောင်းဆိုခဲ့ပါတယ်။
“တိုက်ရိုက်ပစ်ခတ် လေ့ကျင့်တာတွေနဲ့ ပတ်သက်ပြီး ပေးထားတဲ့ သတိပေးချက်အပေါ် ကျနော်တို့ စိုးရိမ်မိပါတယ်။ အတိအကျပြောရရင် ဒါကို နိုင်ငံတကာ ဥပဒေနဲ့အညီ အနှောင့်အယှက်နည်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ မားလက်စ်က ရိုက်တာသတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။
အခုနှစ်အစောပိုင်းမှာ မားလက်စ်က အောကတ်စ် AUKUS နျူကလီးယားရေငုပ်သင်္ဘော မိတ်ဖက်ဆက်ဆံရေးအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဇက်နဲ့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံခဲ့ပြီး သြစတြေးလျဟာ အခုနှစ်မှာ အမေရိကန် ရေငုပ်သင်္ဘော စက်မှုအခြေစိုက်စခန်းဆီ ဒေါ်လာ ၂ ဘီလီယံ ပေးချေမှာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်းက ထိပ်သီးကာကွယ်ရေး အရာရှိတွေ၊ အကြီးတန်း စစ်အရာရှိတွေ၊ သံတမန်တွေ၊ လက်နက်ထုတ်လုပ်သူတွေနဲ့ လုံခြုံရေး လေ့လာသုံးသပ်သူတွေကို ဖိတ်ခေါ်တဲ့ ထိပ်သီး ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံမှာ မေ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်အထိ ကျင်းပနေပါတယ်။
Source: Reuters