
တရုတ်နိုင်ငံက လက်ဝှေ့ကြိုးဝိုင်းတခုထဲမှာ လူတူစက်ရုပ် ၂ ကောင်ဟာ အားကောင်းတဲ့ လက်သီးချက်တွေနဲ့ အပြန်အလှန် ထိုးသတ်နေကြပါတယ်။
မေ ၂၅ ရက်က ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမှာ ကျင်းပတဲ့ ဒီလက်ဝှေ့ပွဲကို အွန်လိုင်းကနေပါ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ချိုင်းနားမီဒီယာဂရု ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲရဲ့ တစိတ်တပိုင်းအဖြစ် သရုပ်ပြပွဲနဲ့ ပြိုင်ပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်ထိုးသတ်ပွဲမှာတော့ Unitree Robotics က ဖန်တီးထားတဲ့ G1 စက်ရုပ် ၄ ရုပ်ကို လူသားထိန်းချုပ်သူတွေက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပြီး ထိုးသတ်စေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters