
အဆိုးရွားဆုံးဘောလုံးရာသီ ဖြစ်ခဲ့တဲ့အပေါ် ပရိသတ်တွေကို တောင်းပန်ကြောင်း မန်ယူနည်းပြ ရူဘင် အာမိုရင်က ပြောသွားပါတယ်။
အက်စ်တန်ဗီလာနဲ့ နောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့တာပါ။
အဲဒီပွဲစဉ်အပြီးမှာ နည်းပြ အာမိုရင်က ပရိသတ်တွေကို မိုက်ကရိုဖုန်းကနေတဆင့် တောင်းပန်စကား ဆိုခဲ့တာပါ။
ပရိသတ်တွေအနေနဲ့ မိမိနဲ့ အသင်းအပေါ် စိတ်ပျက်နေမှာကို သိရှိပြီး ရလဒ်ဆိုးတွေအတွက် တောင်းပန်ချင်သလို အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်ရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အဆိုးဆုံးတွေအပြီးမှာ ကောင်းမွန်တဲ့နေ့ရက်တွေ ရောက်ရှိလာတော့မှာဖြစ်ပြီး ဘယ်လိုအခြေအနေ၊ ဘယ်လို ကပ်ဆိုးမိုးမှောင်ကျမှုတွေမှာမဆို ပြန်လာနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ကလပ်အသင်းက ကမ္ဘာမှာ တသင်းသာရှိပြီး အဲဒီအသင်းက မန်ယူနိုက်တက် အသင်း ဖြစ်ကြောင်းလည်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။