
ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းဟာ အသင်းခြေစိုက်ရည် မြောက်လန်ဒန်မှာ အမိုးဖွင့်ကားနဲ့ လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ မန်ယူအသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တဲ့ စပါးအသင်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရရှိခဲ့တာဖြစ်သလို ၄၁ နှစ်အတွင်း ပထမဆုံး ဥရောပဖလားရယူနိုင်ခဲ့တာပါ။
စပါးအသင်းရဲ့ အမိုးဖွင့်ကားနဲ့ အောင်ပွဲခံမှုကို စပါးပရိသတ် ထောင်ပေါင်းများစွာက လိုက်ပါ အားပေးခဲ့ကြပြီး အိမ်ကွင်းရှေ့မှာ အောင်ပွဲခံစင်မြင့်လုပ်ပြီး အကြီးအကျယ် အောင်ပွဲခဲ့ကြ ပါတယ်။
နည်းပြပို့စ်တီကိုဂလူ အပါအဝင် ကစားသမားတယောက်ချင်းစီကလည်း ဆုဖလားရယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်း မိုက်ကရိုဖုန်းကနေတဆင့် ပြောပါတယ်။
ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယားအဆင့် ၁၇ မှာပဲ ရပ်တည်နေတဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ ကစားရဖို့ရှိပေမဲ့ အဲဒီပွဲရလဒ်က သူတို့အတွက် အရေးမပါတော့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။