
ဂါဇာကို အကူအညီပေးရေးကို အစ္စရေးက လက်ဖက်ရည်ဇွန်း ၁ စာပဲ ခွင့်ပြုထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှု အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
ဒါ့အပြင် ဂူတာရက်စ်က ဂါဇာမှာ အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်မှာ ကုလသမဂ္ဂက ပါဝင်မှာမဟုတ်တဲ့အကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ်။
“ယုံကြည်ရမှု၊ လုံခြုံမှု၊ ရိက္ခာထောက်ပံ့မှုမရှိတာကြောင့် လူတွေပိုပြီး သေဆုံးနိုင်ပါတယ်။ ဂါဇာမှာရှိတဲ့ လူတွေအားလုံး ရေရှည်အကျိုးဆက် ခံစားရမယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
ဂါဇာဒေသ ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး အစ္စရေးက ၁၁ ပတ်ကာ ပိတ်ဆို့ထားခဲ့ထားပြီးပြီး ထရပ်ကား ၃၀၀ ဖြတ်သန်းခွင့်ပြုထားကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ဂူတာရက်စ်က ဒီပမာဏရဲ့ ၃ ပုံ ၁ ပုံသာ ဖြတ်သန်းခွင့်ရတဲ့အကြောင်း ဆိုပါတယ်။
အစ္စရေးကတော့ ကုလနဲ့ အခြားအကူအညီပေးတဲ့ အဖွဲ့တွေကို အမေရိကန်ရဲ့ ကူညီမှုနဲ့အတူ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ မျှတတဲ့ အစီအစဉ်မဟုတ်တာကြောင့် ကုလသမဂ္ဂက ပါဝင်မှာ မဟုတ်ကြောင်း ပြောထားပါတယ်။
အကူအညီပေးမှုတွေ ရပ်ဆိုင်းတာက ဟားမတ်စ်တွေကို ထောက်ပံ့မှုတွေမရှိစေဖို့ ဖြစ်တယ်လို့ အစ္စရေးက ဆိုထားပြီး ဒီအကူအညီတွေကို ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟားမတ်စ်အဖွဲ့က ငြင်းဆိုထားပါတယ်။
“ကုလသမဂ္ဂရဲ့ အကူအညီပေးရေးက ရှင်းပါတယ်။ ကျတော်တို့ဟာ အခြားအစီအစဉ်တွေရဲ့ အစိတ်အပိုင်းအနေနဲ့ပါဝင်မယ် ဆိုရင် နိုင်ငံတကာဥပဒေ၊ လူသားခြင်းစာနာမှု၊ မျှတမှုတွေ၊ လွတ်လပ်မှုတွေ မရှိဖြစ်ပါလိမ့်မယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
ဂါဇာမှာရှိတဲ့ လူ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာတဲ့အကူအညီတွေ ပိုပြီးလိုအပ်တယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။
Source: Reuters