
မန်ယူအသင်းဟာ အသင်းတိုက်စစ်ပိုင်းက ကစားသမားအများစုကို ရောင်းချသွားဖို့ စီစဉ်ထား တယ်လို့သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ သမိုင်းတလျှောက် အဆိုးရွားဆုံး ရပ်တည်မှုနဲ့ ကြုံတွေ့နေရပြီး တိုက်စစ်ပိုင်းက အလုပ်မဖြစ်ခဲ့တဲ့အပေါ် အကြီးစား ပြောင်းလဲမှုတွေလုပ်ဆောင်သွားဖို ဆန္ဒရှိနေတာပါ။
တိုက်စစ်မှူး ဟွိက်လန်းကို ရောင်းထုတ်ဖို့ စီစဉ်ထားသလို အငှားချထားတဲ့ တောင်ပံ ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖိုဒ်၊ အန်တိုနီနဲ့ ဂျေဒန်ဆန်ချိုတို့ကိုလည်း အပြီးသတ်ရောင်းချသွားဖို့ စီစဉ်ထားကြောင်း မန်ချက်စတာညနေခင်းသတင်း စာက ဖော်ပြပါတယ်။
လက်ရှိတိုက်စစ်မှူးတွေထဲကနေ ဇက်ဇီးတယောက်ကိုသာ ဆက်လက်ထားရှိမှာ ဖြစ်ပြီး တိုက်စစ်အင်အား ပြန်လည်ဖြည့်တင်းသွားဖိုလဲ စီစဉ်ထားတာပါ။
ဝုဗ်တိုက်စစ်ကစားသမား ကူညာကိုခေါ်ယူနိုင်ဖို့ နီးစပ်နေသလို အစ်ဆွစ်ကလီယန်ဒလက်ဖ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Photo: Reuters