
ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က မေ ၁၄ ရက်မှာ ပြောပါတယ်။
ဂျေရုဆလင်မြို့တခွင်မှာ အချက်ပေးဥဩသံတွေ ဆူညံနေခဲ့ပါတယ်။ ဒီပစ်လွှတ်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပင်လယ်ကွေ့ဒေသဆီလာတဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။
ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့တယ်လို့ ထရမ့်ပ်က အစောပိုင်းမှာ ကြေညာခဲ့တာပါ။
အမေရိကန်သင်္ဘောတွေကို တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ ဟူသီတွေက သဘောတူထားလို့ အမေရိကန်က ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေကို ဗုံးကြဲတိုက်ခိုက်တာ ရပ်တန့်မယ်လို့ ထရမ့်ပ်က မေလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဟူသီတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်ပြီး ပစ်ခတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဟူသီတွေက ဂါဇာကမ်းမြောင်မှာရှိတဲ့ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုတခုအတွင်း ပင်လယ်နီထဲက သင်္ဘောအများအပြားကို တိုက်ခိုက်ခဲ့လို့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
Source: Reuters