
ယူရိုပါလိဂ်ဖလား မရခဲ့ရင် ဖိအားဒဏ် ပိုခံရနိုင်တယ်လို့ မန်ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် စပါးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိမှသာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာပါ။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၆ အထိ ရောက်ရှိနေတာက အသင်းရဲ့အဆင့်အတန်းနဲ့ ညီညွတ်မှုမရှိတာကို သိရှိနားလည်ထားပြီး ဗိုလ်လုပွဲမှာ ချန်ပီယံမဖြစ်ဘဲ ဥရောပဝင်ခွင့်သာ ထပ်မရဘူးဆိုရင် ဖိအားဒဏ် ပိုမိုခံစားရနိုင်တယ်လို့ မန်ယူနည်းပြက ပြောပါတယ်။
ပရိသတ်တွေရဲ့ စိတ်ရှည်သီးခံမှုက လာမယ့်ရာသီမှာ ကုန်ဆုံးတော့မှာကိုလည်း သိရှိထားပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့က အရာအားလုံးထက် ပိုပြီးအရေးပါကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ အခုနှစ် ယူရိုပါလိဂ်မှာ စပါးအသင်းကို အနိုင်မရခဲ့ဘူးဆိုရင် နှစ်ပေါင်း ၃၅ နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပဝင်ခွင့်မရတဲ့ ဘောလုံးရာသီ ဖြစ်လာမှာဖြစ်ပါတယ်။
Photo:Reuters