
အီကွေဒေါနိုင်ငံ အမေဇုန်ဒေသမှာ ရာဇ၀တ်ဂိုဏ်းတခုနဲ့ လက်နက်ကိုင် စစ်သားတွေ ထိပ်တိုက်တွေ့ရင်း သေဆုံးခဲ့တဲ့ စစ်သား ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို အီကွေဒေါစစ်တပ်ဟာ မေ ၁၀ ရက် ညက မြို့တော် ကွေတိုကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။
မေ ၉ ရက်က အယ်လ်တို ပူနစ်နို ဧရိယာမှာ တရားမ၀င်သတ္တုတူးဖော်မှုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုအတွင်း စစ်တပ်ကို တိုက်ခိုက်ခံခဲ့ရတယ်လို့ အီကွေဒေါကာကွယ်ရေး ဝန်ကြီး ဌာနက ပြောပါတယ်။
ကွန်မန်ဒို့စ် ဒေလာ ဖရွန်တယ်ရာလို့ ခေါ်ပြီး နယ်ခြားကွပ်ကဲရေးလို့ အဓိပ္ပာယ်ရတဲ့ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ ရိုင်ဖယ်သေနတ်တွေကို သုံးခဲ့တယ်လို့ စစ်ထောက်လှမ်းရေးကို ကိုးကားပြီး ဝန်ကြီးဌာနက ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနကနေ ဘုံနယ်စပ် လုံခြုံရေး အာမခံချက်ပေးဖို့ အီကွေဒေါနဲ့ ပြတ်ပြတ်သားသား လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုထားပါတယ်" လို့ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ပေဒရို အာနူးဖှိုး စန်ချက်ဇ်က ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် X မှာ ရေးသားခဲ့ပါတယ်။
Source: Reuters