
နာပိုလီအသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းလာပါတယ်။
အသက် ၂၅ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပေမဲ့ ပွဲစဉ်အများစုကို အရန်ကစားသမားအနေနဲ့သာ ကစားခဲ့ရတာကြောင့် ပွဲထွက်ရဖို့အတွက် အသင်းပြောင်းဖို့ရှိနေတာပါ။
စီးရီးအေကလပ် နာပိုလီအသင်းဟာ နည်းပြကွန်တီရဲ့လက်အောက်မှာ စွမ်းဆောင်ရည် ကောင်းမွန်နေပြီး စီးရီးအေလက်ကျန် ၃ ပွဲအလိုမှာ ဒုတိယနေရာကအင်တာမီလန်ကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။
နူညက်ဇ်ဟာ ၂၀၂၂ ခုနှစ်က ပေါ်တူဂီကလပ် ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး လီဗာပူးနဲ့ ပရီးမီးယားလိဂ် ၉၂ ပွဲမှာ ၂၅ ဂိုးသွင်းထားပါတယ်။
နာပိုလီအသင်းဟာ နူညက်ဇ်အပြင် မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့သိရပါတယ်။