
အစ္စရေးဟာ မေ ၈ ရက်က လက်ဘနွန်တောင်ပိုင်း နာဘာတိယေ ဧရိယာမှာ တိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ရိုက်တာကို ပြောကြားခဲ့ပြီး နိုဝင်ဘာလတုန်းက အစ္စရေးရဲ့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ဗုံးကြဲ တိုက်ခိုက်မှုတွေထဲမှ တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဧပြီလမှာ အစ္စရေးဟာ ဘေရွတ်တောင်ပိုင်းရှိ အဆောက်အအုံ တခုကို တိုက်ခိုက်ခဲ့ပြီး အဲဒီအဆောက်အအုံဟာ အီရန်ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် ပစ်မှတ်တိကျ ဒုံးကျည်တွေကို သိုလှောင်ဖို့ အသုံးပြုထားတာလို့ ဆိုပါတယ်။
လက်ဘနွန်နဲ့ ဟစ်ဇ်ဘိုလာတို့ဟာ နိုဝင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး တိုက်ပွဲ တွေကို ရပ်ပစ်ခဲ့ကာ လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက် တွေ ကင်းစင်ရေးကို တရားဝင် အမိန့်ပေးညွှန်ကြားခဲ့ပါတယ်။
Source:Reuters