
ရခိုင်တိုက်ပွဲမှာ စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီတပဖွဲ့ဝင် စစ်သားနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၄ ယောက်ကို ကော့ဘဇားလေဆိပ်က တဆင့် မြန်မာနိုင်ငံဘက်ကို မေ ၇ ရက်က ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
ပြန်ပို့လိုက်တဲ့အထဲမှာ စစ်ကောင်စီတပ်သား ၃၄ ယောက်နဲ့ အရပ်သားအကျဉ်းသားအဖြစ် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ၆ ယောက်ကိုလည်း မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ဆိုထားပါတယ်။
အခုပို့ဆောင်လိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြသူတွေ ဖြစ်ကြပြီး သူ့တိုကို ကော့ဘဇားလေဆိပ်က တဆင့် အရပ်ဖက်လေယာဉ်နဲ့ စစ်ကောင်စီက ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ရခိုင်တိုက်ပွဲအတွင်း စစ်ရှုံးပြီး ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝန်ထမ်း ၈၇၅ ယောက်ကိုလည်း ၂၀၂၄ ခုနှစ်အတွင်းက ၄ သုတ်ခွဲပြီး သင်္ဘောတွေနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
ကျန်ရှိနေသူတွေကိုလည်း ဆက်လက်ပြီး အသုတ်လိုက် ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုအထိ AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
Source : BSS NEWS