
နည်းပြကြီး ပယ်လီဂရီနီရဲ့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ယူရိုကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ယူရိုကွန်းဖရင့်လိဂ်မှာ ဆွီဒင်ကလပ် ဂျူဂါးဒန်းကို အနိုင်ရပြီးနောက် ဖီအိုရင်တီးနားကို အကြိတ်အနယ်ကစားပြီး အနိုင်ရလာတဲ့ ရီးရဲလ်ဘက်တစ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာပါ။
ဘက်တစ်အသင်းကို အသက် ၇၁ နှစ်ရှိ ချီလီနည်းပြကြီး ပယ်လီဂရီနီက တာဝန်ယူနေတာပါ။ သူဟာ မန်စီးတီးအသင်းကို တာဝန်ယူခဲ့သလို ရီးရဲလ်မက်ဒရစ် ဗီလာရီးရဲလ်၊ ဝက်စ်ဟမ်း အစရှိတဲ့အသင်းများစွာကို တာဝန်ယူခဲ့သူပါ။
ပယ်လီဂရီနီရဲ့လက်အောက်မှာ ကစားသမားအဖြစ်ကစားခဲ့ဖူးသလို လက်ထောက်နည်းပြ အနေနဲ့ လည်း တာဝန်ယူခဲ့ဖူးတာကြောင့် ကောင်းကောင်းသိကြောင်း၊ မိမိရဲ့ ဘောလုံးဖခင်လို့ ဆိုရမယ့် ပယ်လီဂရီနီနဲ့ ပြန်ဆုံရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်း နည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
Photo: Reuters