
ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ စွမ်းဆောင်နိုင်မှုအပေါ် လူအများက မယုံကြည်နိုင်ဖြစ်နေကြကြောင်း နောက်ခံလူ ဟာကီမီက ပြောပါတယ်။
ပီအက်စ်ဂျီဟာ အခုနှစ်ရာသီမှာ နာမည်ကြီးကစားသမားတွေ မရှိတော့ပေမဲ့ နည်းပြ အင်နရီကေးရဲ့ ဦးဆောင်မှုနဲ့အတူ လီဂူးဝမ်းမှာ ချန်ပီယံဖြစ်ခဲ့သလို ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာပါ။
အသင်းရဲ့ စွမ်းဆောင်နိုင်မှုအပေါ် လူအများက ယုံကြည်နိုင်မှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကြိုးစားမှုရဲ့ရလဒ် ဖြစ်တာကြောင့် အသင်းသားတွေနဲ့ ထိုက်တန်ကြောင်း နောက်ခံလူ ဟာကီမီက ပြောပါတယ်။
နည်းပြ လူးဝစ်အင်နရီကေးဟာ တနှစ်အတွင်းမှာ ဒီလိုအသင်းကောင်းတသင်းကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာ လူတွေမမြင်နိုင်တဲ့ ကြိုးစားမှုတွေကြောင့် ဖြစ်ကြောင်း နောက်ခံလူ ဟာကီမီက ပြောသွားပါတယ်။
Photo:Reuters