
ယူရိုပါလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်မပေးသင့်ကြောင်း နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ မှတ်ချက်အပေါ် စပါးနည်းပြ ပိုစ်တီကိုဂလူက ပြန်လည်တုံ့ပြန်သွားပါတယ်။
အာဆင်နယ်နည်းပြဟောင်း ဝင်းဂါးဟာ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်တဲ့အသင်းက ယူရိုပါလိဂ် ဝင်ခွင့်သာရရှိသင့်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်မပေးသင့်ကြောင်းနဲ့ ဥရောပဘောလုံးအဖွဲချုပ်အနေနဲ့ အဲဒီစည်းမျဉ်းကိုပြန်လည် သုံးသပ်သင့်ကြောင်း ပြောခဲ့တာပါ။
စပါးနည်းပြ ပိုစ်တီကိုဂလူကတော့ ပြိုင်ပွဲမတိုင်ခင်ကတည်းက စည်းမျဉ်းချမှတ်ထားတာဖြစ်ပြီး ဗိုလ်လုပွဲရောက်ခါနီးမှ စည်းမျဉ်းပြောင်းလဲသင့်ကြောင်း ပြောနေတာက မဖြစ်သင့်ကြောင်း၊ စပါးအသင်းက ပြိုင်ဘက်အသင်းကလူတွေကို ရူးသွပ်သွားအောင်လုပ်နိုင်ကြောင်း ပြန်လည် တုံ့ပြန်သွားခဲ့တာပါ။
လာမယ့်ရာသီမှာ လိဂ်အဆင့်သတ်မှတ်ချက်အရ အင်္ဂလန်အသင်း ၅ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ဖိုအလေးသာနေတဲ့ မန်ယူနဲ့ စပါးအသင်းတို့ထဲက တသင်းချန်ပီယံဖြစ်မယ်ဆိုရင် အင်္ဂလန်အသင်း ၆ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Photo:Reuters