
ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်တဲ့ ကစားသမားတယောက်က မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့မှု မလုပ်နိုင်ကြောင်း နည်းပြအာမိုရင်က ဝန်ခံပြောသွားပါတယ်။
ပေါ်တူဂီကလပ် စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ရဲ့ အပြောင်းအရွှေ့အပေါ် မှတ်ချက်ပေးခဲ့တာမှာ နည်းပြအာမိုရင်က ထည့်သွင်း ပြောသွားခဲ့တာပါ။
ယိုကရက်စ်နဲ့ စကားပြောဆိုခြင်း မရှိသေးကြောင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားချင်တဲ့ ကစားသမားဆိုရင် မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့လာမှာ မဟုတ်ကြောင်း အာမိုရင်က ပြောပါတယ်။
မန်ယူနိုက်တက်အသင်းအနေနဲ့ တခြားပြိုင်ပွဲတရပ်ရပ်ကို ကစားချင်ပြီး ပြောင်းရွှေ့လာမယ့် ကစားသမားကို အလိုမရှိဘဲ ယူနိုက်တက်အတွက် ကိုယ်စားပြုကစားချင်သူ စစ်စစ်ကိုသာ လိုလားကြောင်းလည်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူး ယိုကရက်စ်ကို ပေါင်သန်း ၆၀ လျော်ကြေပေးမယ်ဆိုရင် ခေါ်ယူခွင့်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းက ခေါ်ယူနိုင်လိမ့်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။