
ပီရူးနိုင်ငံရှိ အင်ဒီးစ်တောင်တန်း ဧရိယာအတွင်းရှိ ဝါလ်ယူနာရဟူ တောင်တန်းမှာ မြေပြိုမှုနဲ့ တောင်ခြေရင်းရှိ ရေခဲရေကန် ရေလျှံမှု ဖြစ်ပွားခဲ့တာကြောင့် ကလေးငယ် ၂ ယောက် သေဆုံး၊ လူ ၈ ယောက် ဒဏ်ရာရခဲ့ပြီး လူပေါင်းရာနဲ့ချီ ထိခိုက်ခဲ့ကြောင်း ပီရူးမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပီရူးနိုင်ငံ အနောက်အလယ်ပိုင်း အန်ကက်ရှ်မြို့မှ ဒေသခံတွေဟာ ဧပြီ ၂၈ ရက်မှာ အပျက်အစီးတွေနဲ့ ရွှံ့နွံတွေကို ရှင်းလင်းခဲ့ကြပါတယ်။
ဧပြီ ၂၇ ရက်က တောင်တန်းမှာ မြေပြိုမှုကြောင့် ရေခဲရေကန်ရဲ့ တစိတ်တပိုင်းထဲ မြေကြီးတွေ ပြည့်သွားပြီး အဲဒါကနေ ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် ဧပြီ ၂၈ ရက်အစောပိုင်းမှာ ဒေသခံတွေ နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
နည်းပညာဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ ဧပြီ ၂၈ ရက်က ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတခု ဖြစ်ပွားခဲ့ပြီး မတ် ၂၆ ရက်ကလည်း အဲဒီဒေသမှာပဲ တခြားမြေပြို ရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ပီရူးနိုင်ငံရှိ ရေခဲမြစ်တွေနဲ့ တောင်ဂေဟစနစ်ဆိုင်ရာ သုတေသန အမျိုးသား အင်စတီကျု (INAIGEM) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အန်ကက်ရှ်ဒေသမှာ ရေလျှံနိုင်တဲ့ အန္တရာယ်ရှိ ရေအိုင်ပေါင်း ၁၆၀ လောက် ရှိနေသေးတယ်လို့ INAIGEM တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
“ဒါဟာ ပထဝီဝင်ဧရိယာကြောင့် ကြေကွဲစရာဖြစ်ပြီး ရာသီဥတုကလည်း အဆင်မပြေကြောင်းနဲ့ အကြောင်းရင်းဟာ ရေကန် ရေလျှံမှုကြောင့်လား ဒါမှမဟုတ် မိုးရွာတာနဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာကို ဆုံးဖြတ်နေတုန်းပါပဲ” လို့ အန်ကက်ရှ် ဒေသဆိုင်ရာ ကျန်းမာရေးဒါရိုက်တာ ရီကာဒို နာတီဗီဒက် ကော်လက်စ် က ပြောပါတယ်။
သိပ္ပံဆိုင်ရာ မီဒီယာတခုဖြစ်တဲ့ The Conversation ကတော့ ကမ္ဘာ့အပူချိန် မြင့်တက်လာတာကြောင့် ရေခဲမြစ်တွေ မြန်မြန်ဆန်ဆန် အရည်ပျော်သွားတာကနေ ပီရူးမှာ ရေခဲဆည်ကျိုးပေါက်မှု အန္တရာယ်ကြုံရပြီးတော့ အဓိက စိုးရိမ်စရာ ဖြစ်နေပြီလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်း သိသိသာသာ ကြီးထွားလာခဲ့တဲ့ တိုးချဲ့ ရေခဲရေကန်တွေထဲကို ကျဆင်းလာတဲ့ မြေပြိုမှုတွေကနေ ရေလွှမ်းမိုးမှုအန္တရာယ် တိုးလာတလို့ ဆိုပါတယ်။
Source: Reuters