
ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDJP/MNDAA) တို့အကြား စစ်ရေးတင်းမာနေတာကြောင့် နှစ်ပါတီဗဟိုအဆင့်တွေ့ဆုံဖြေရှင်းသွားကြမယ်လို့ ဧပြီ ၃၀ ရက်မှာ SSPP ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ SSPP/SSA နဲ့ MNDJP/MNDAA တို့ စစ်ရေးထိတွေ့မှု ၈ နေရာနဲ့ နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ် ထိုးကြိတ် ရိုက်နှက်ဖမ်းဆီးမှု ၂၄ နေရာရှိခဲ့ပြီး စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း MNDAA နဲ့ SSPP အောက်ခြေတပ်ဖွဲ့ဝင်တွေကြား ဘာသာစကား ပေါက်ကြားမှုအားနည်းတာ ၊ SSPP နယ်မြေဖြတ်သန်းခွင့် MNDAA ဗဟိုက တရားဝင်အကြောင်းကြားမှု အားနည်းတာတွေကြောင့် မကျေမနပ်ဖြစ်လာရာကနေစတင်ပြီး မလိုလားအပ်တဲ့ ထိပ်တိုက်ဖြစ်ပွားမှု တွေဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီ အေးအတူပူအမျှ အမှီသဟဲပြုပြီး ကူညီရိုင်းပင်းရပ်တည်လာခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကေခိုင်