
မြောက်ကိုရီးယားဟာ မကြာသေးခင်က ထုတ်ဖော်ပြသခဲ့တဲ့ ချိုးဟျွန်း-ကလပ်စ် စစ်သင်္ဘော အသစ်ရဲ့ လက်နက်စနစ်ကို ပထမဆုံး စမ်းသပ်ပစ်ခတ်မှုကို အခုသီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဧပြီလ ၃၀ ရက်မှာ ဖော်ပြပါတယ်။
ဧပြီ ၂၉ ရက်က ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့တဲ့ စမ်းသပ်ပစ်ခတ်မှုရဲ့ တစိတ်တပိုင်းအဖြစ် အမြောက်တွေလည်း ပစ်ဖောက်ခဲ့ပြီး ခရုဇ်နဲ့ ဝေဟင်ပစ်ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ကြောင်း KCNA က ထုတ်ပြန်သွားပါတယ်။
စမ်းသပ်ပစ်ခတ်မှု လုပ်နေချိန်အတွင်း စစ်သင်္ဘောပေါ်မှ ကောင်းကင်ထဲကို ထိုးတက်သွားတဲ့ ဒုံးကျည်တွေနဲ့အတူ စစ်သင်္ဘောပေါ်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သူ့သမီး တို့ကို ပြထားတဲ့ ဓာတ်ပုံတွေကို KCNA မှ ထုတ်ပြန်ပြသခဲ့ပါတယ်။
ဂျပန်တော်လှန်ရေးတိုက်ခိုက်ရေးသမား ချိုးဟျွန်းရဲ့ နာမည်ကို အစွဲပြုပြီး စစ်သင်္ဘောအသစ်ကို ချိုးဟျွန်း-ကလပ်စ် လို့ နာမည်ပေးထားကြောင်းလည်း KCNA က ဖော်ပြပါတယ်။
Source: Reuters