
ကိုယ့်ကိုယ်ကိုယ် မက်ဆီနဲ့ နှိုင်းယှဉ်ခြင်းမရှိကြောင်း ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ် ကပြောသွားပါတယ်။
ယာမဲလ်ဟာ အသက် ၁၇ နှစ်ပဲရှိသေးပေမဲ့ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတွေမှာ အဓိက ကစားသမားဖြစ်နေတာပါ။
ယာမဲလ်ရဲ့ ခြေစွမ်းကောင်းမွန်မှုအပေါ် အသင်းဂန္ထဝင် တိုက်စစ်မှူး မက်ဆီနဲ့ ခိုင်းနှိုင်းချီးကျူး နေကြတာပါ။
ယာမဲလ်ကတော့ မိမိကိုယ်ကိုယ် မက်ဆီနဲ့ နှိုင်းယှဉ်ခြင်းမရှိကြောင်းနဲ့ မိမိခြေစွမ်းကို ဘယ်သူနဲ့မှ နှိုင်းယှဉ်ခြင်းမပြုလုပ်လိုကြောင်း ပြောပါတယ်။
မက်ဆီဟာ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်ကြောင်းနဲ့ မိမိအနေနဲ့ ကိုယ်ရဲ့ခြေစွမ်းကောင်းမွန်နေဖို့သာ အာရုံစိုက်ထားကြောင်းလည်း ရာမဲလ်က ပြောသွားပါတယ်။
Photo : Reuters