Home
မြန်မာသတင်း
ကရင်နီက နွေဦးအားမာန်ဆေးခန်း မိုးကြိုးပစ်ခံရ
DVB
·
April 29, 2025
DMSO

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ နွေဦးအားမာန်ဆေးခန်း ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက မိုးကြိုးပစ်ခံလိုက်ရတယ်လို့ သိရပါတယ်

ဆေးခန်းက ပရဟိတ စေတနာ့ဆရာဝန်က “လူထိခိုက်တာ ဆေးခန်းထိခိုက်တာက မရှိဘူး။ ဆေးခန်းအတွင်းက မီးသီးတွေ၊ မီးကြိုးတွေ ပျက်စီးသွားတာရှိတယ်။ ဆိုလာနဲ့ ချိတ်ထားတဲ့ ဘက်ထရီလည်း အားမဝင်တော့ဘူး” လို့ ပြောပါတယ်။

မွန်းလွဲ ၂ နာရီနဲ့ ၄၀ မိနစ်မှာ ဆေးခန်းပေါ်ကို အနီရောင်အလင်းတန်း ရုတ်တရက်ကျလာပြီး အုန်းဆိုတဲ့ အသံနဲ့အတူ ဆေးခန်းအတွင်းကနေ မီးခိုအူထွက်လာတယ်လို့ဆိုပါတယ်။

မိုးကြိုးပစ်ချိန်မှာ ဆရာဝန်နဲ့ သူနာပြုနဲ့ Medic  စုစုပေါင်း ၅ ယောက် ဆေးခန်းအတွင်းရှိပေမယ့် ထိခိုက်တာမရှိခဲ့ဘဲ ညနေပိုင်းမှာ ဆေးခန်းကိုပြန်ကြည့်ချိန် ခေါင်မိုးကသွပ်တချို့၊ ဆိုလာနဲ့မီးသီး၊ မီးကြိုးတချို့ ထိခိုက်မိတယ်လို့ သိရပါတယ်။

နွေဦးအားမာန်ဆေးခန်းဟာ ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရဲဘော်တွေကို အခမဲ့ဆေးဝါးကုသပေးနေပြီး တလကို ပျှမ်းမျှ လူနာ ၅၀၀ ဝန်းကျင်အထိ ဆေးဝါးကုသပေးနေတဲ့ ဆေးခန်းတခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့မှာပဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ တောင်ပေါ်ကကျောက်တုံးတခု လိမ့်ကျလာခဲ့ပြီး စစ်ဘေးရှောင်အဘိုးအိုကိုပိမိလို့ သေဆုံးခဲ့ရပါတယ်။

လက်ရှိဖြစ်နေတဲ့ လေပွေလှိုင်းနဲ့ အပူပျံတက်တိမ်တွေကြောင့် မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနနဲ့ ပညာရှင်တွေက သတိပေးထားပါတယ်။

Photo : နွေဦးအားမာန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024