
ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖိုဒ်ဟာ ဗီလာအသင်းအတွက် ထပ်မံ ကစားပေးတော့မှာမဟုတ် တော့ဘူးလို့ သိရပါတယ်။
ခရစ္စတယ်ပဲလေ့ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေ ဖလားဆီမီးဖိုင်နယ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဗီလာအသင်းရဲ့လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ဖို့ ရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး ရာသီကုန်အထိ အနားယူရနိုင်တာကြောင့် ဗီလာနဲ့ အငှားကစားသမားဘဝအဆုံးသတ်သွားဖိုရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ အသင်းဟောင်းမန်ယူနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ပါဝင်ခွင့်ရမှာမဟုတ်သလို ဒဏ်ရာလည်း ရရှိသွားတာကြောင့် ဖူဟမ်၊ ဘုန်းမောက်နဲ့ စပါးအသင်းတွေနဲ့ပွဲတွေကိုလည်း လွဲ ချော်မှာဖြစ်ပါတယ်။
Photo: Reuters