Home
နိုင်ငံတကာ
ဒိုမီနီကန်တွင် နိုက်ကလပ်အမိုးပြိုကျပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၆၀ ကျော်သေဆုံး
DVB
·
April 9, 2025
Photo : Reuters

ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ မြို့တော် ဆန်တိုဒိုမင်ဂိုမှာ ဧပြီ ၈ ရက် အစောပိုင်းက နိုက်ကလပ်ခေါင်မိုး ပြိုကျလို့  အနည်းဆုံး ၆၆ ယောက် သေဆုံးပြီး ၁၆၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက်နဲ့ မေဂျာလိဂ် ဘေ့စ်ဘော အားကစားသမားဟောင်းတယောက်လည်း ပါဝင်တယ်လို့ အယ်ဂျာဇီးယားသတင်းမှာ ဖော်ပြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင် ၄၀၀ လောက်က အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတယ်လို့ ယူဆရတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဒိုမီနီကန်သမ္မတနိုင်ငံ အရေးပေါ် စစ်ဆင်ရေးဌာန အကြီးအကဲ ဟွမ် မန်နျူယယ် မဲန်ဒက်ဇ်က ပြောပါတယ်။

ကမ်းခြေနားက Jet Set နိုက်ကလပ်ထဲမှာ ရှိနေတယ်လို့ ယူဆရတဲ့ လူအရေအတွက် စာရင်းကို ထုတ်မပြောပါဘူး။

သေဆုံးသူတွေထဲမှာ မြောက်ပိုင်း ပြည်နယ် မွန်တေခရစ္စတီရဲ့ အုပ်ချုပ်ရေးမှူး နယ်လ်စီ ခရုဇ်လည်း ပါတယ်လို့ သမ္မတ လူဝီ အာဘီနာဒက်ဇ်က ပြောပါတယ်။

“ဝမ်းနည်းစရာ အဖြစ်ဆိုးအတွက် ကျနော်တို့ အလေးအနက် ဝမ်းနည်းပါတယ်” လို့ သမ္မတက X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

အာဏာပိုင်တွေက ထိခိုက်သေဆုံးသူတွေကို ပြန်ရဖို့ မမောမပန်း ကြိုးစားဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

“ကျနော်တို့ရဲ့ တောင်းဆုတွေဟာ ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့အတူ ရှိနေပါတယ်” လို့လည်း သမ္မတက ပြောပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024