
မန်ယူနဲ့ အာဆင်နယ်အသင်းတွေရဲ့ ပစ်မှတ်တိုက်စစ်မှူး ဗစ်တာယိုကရက်စ်အတွက် မိခင်ကလပ် စပို့တင်းလစ္စဘွန်းအသင်းက ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။
အသက်၂၆ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ စပို့တင်းအတွက် အခုနှစ်ရာသီပြိုင်ပွဲစုံ ၄၃ ပွဲမှာ ၄၃ ဂိုးအထိ သွင်းယူပြီးခြေစွမ်းပြနေတာပါ။
စပို့တင်းအသင်းဘက်ကတော့ မန်ယူနဲ့အာဆင်နယ်တို ခေါ်ယူလိုတဲ့ ယိုကရက်စ်အတွက် ပေါင် ၅၅ သန်းကနေ သန်း ၇၀ အတွင်း ရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို The Sun သတင်းမှာ ဖော်ပြပါတယ်။
ဒီပမာဏဟာ မန်ယူနဲ့ အာဆင်နယ်အသင်းတို့အတွက် မများလှတဲ့ပြောင်းရွှေ့ကြေးဖြစ်ပြီး ယိုကရက်စ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာဖို့ ရှိပါတယ်။
ယိုကရက်စ်ဟာ ၂၀၂၈ ခုနှစ်မှစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ ကစားသမားဖြစ်သူရဲ့ ပရီးမီးယားလိဂ်မှာကစားချင်တဲ့ဆန္ဒကို လိုက်လျောပေးတဲ့အနေနဲ့ စပိုတင်းဘက်က ချိုသာတဲ့ ဈေးနူန်းသတ်မှတ်လိုက်တာဖြစ်တယ်လို သတင်းတွေမှာဖော်ပြကြပါတယ်။
Photo; Reuters