
ပနားမားအစိုးရဟာ သမ္မတဟောင်း ရီကာဒို မာတီနယ်လီကို သူ ခိုလှုံခွင့်ရရှိထားတဲ့ နီကာရာဂွါနိုင်ငံကို သွားရောက်ဖို့ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပနားမားနိုင်ငံခြားရေးဝန်ကြီး ဟာဗီးယား မာတီနက်ဇ် အာချာက မတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ခိုလှုံခွင့်ကို အသိအမှတ်ပြုထားပြီး တင်းကျပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လုံခြုံရေးထိန်းကွပ်မှုတွေကို ခွင့်ပြုထားပါတယ် လို့လည်း ဆိုပါတယ်။
၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဗဟိုအမေရိကနိုင်ငံ သမ္မတဖြစ်ခဲ့သူ မာတီနယ်လီကို ငွေကြေးခဝါချမှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် နိုင်ငံရဲ့အစိုးရက သူ့ကိုဖမ်းဆီးဖို့ လုပ်ဆောင်လာကတည်းက သူဟာ ပနားမားစီးတီးရှိ နီကာရာဂွါသံရုံးမှာ နေထိုင်ခဲ့ပါတယ်။
ထောင်ဒဏ် ၁၁ နှစ်နီးပါး ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ မာတီနယ်လီရဲ့ အယူခံကို ပနားမား ထိပ်တန်းတရားရုံးက ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မာတီနယ်လီကို ခိုလှုံခွင့်ပေးခဲ့တဲ့ နီကာရာဂွါအစိုးရဟာ အရင်က အနီးနား အယ်လ်ဆာဗေးဒေါနိုင်ငံက သမ္မတဟောင်း ၂ ယောက်ဖြစ်တဲ့ မော်ရီစီယို ဖူနေးစ်နဲ့ ဆာလ်ဗေဒေါ ဆန်းချက်စ် တို့ကိုလည်း ခိုလှုံခွင့်ပေးခဲ့ပါတယ်။
Source : Reuters