
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ရုရှားတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဉ်နဲ့ အစုလိုက်အပြုံလိုက် စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၉ ယောက် ဒဏ်ရာရပြီး အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ အရေးပေါ်ဌာနနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် မြို့လယ်မှာ ၄ ကြိမ် မီးလောင်ခဲ့ပြီး အပျက်အစီးပုံတွေနဲ့အတူ မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေရဲ့ ဓာတ်ပုံတွေကို အရေးပေါ်ဌာနက တယ်လီဂရမ်မှာ လွှင့်တင်ခဲ့ပါတယ်။
နယ်စပ်ကနေ ၁၈ မိုင်လောက် အကွာမှာရှိနေတဲ့ ရုရှားစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်တဲ့ ခါကိဗ်မြို့ဟာ ဒရုန်းနဲ့ ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့တော်ဝန် အီဟွန်း တယ်ရယ်ခက်ဗ်က ပြောပါတယ်။
ခါကိဗ်မြို့ဟာ ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်သိမ်းပိုက်မှုကို ခုခံခဲ့တာပါ။
ဒါပေမဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေ အကြိမ်ကြိမ် ထိမှန်ခဲ့ပြီး ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ စစ်ဆင်ရေးကို ယူကရိန်းအရှေ့ပိုင်းကို ပြောင်းပြီး ပစ်မှတ်ထားခဲ့ပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းအလယ်ပိုင်း ဒနစ်ပရိုမြို့မှာ မီးလောင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဟီးလ် လေဆက်ခ်က တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။
Source : Reuters