
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က မီးရထားဘူတာရုံမှာ လူအုပ်ပြိုကျအပြီး လူနင်းမိတာ ခံရသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ချစ်ခင်ရသူတွေ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၁၆ ရက်က ဆေးရုံတခုချင်းမှာ လိုက်ရှာနေကြပါတယ်။
မဟာကွန်းပွဲတော် ကျင်းပရာ ပရာယာဂရပ်ချ် မြို့ဆီ ရထားနဲ့သွားဖို့ ခရီးသည်တွေ စောင့်နေတဲ့ ရထားစင်္ကြံ ၂ ခုမှာ စနေနေ့ ည ၈ နာရီလောက်က လူအုပ်ပြိုခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
လူအုပ်ပြိုကျလို့ လူနင်းခံရတဲ့အတွက် ကလေးငယ် ၅ ယောက် အပါအဝင် လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးက ၇ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက ၇၉ နှစ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းကို ကိုးကားပြီး မီဒီယာအများအပြားက ဖော်ပြပါတယ်။
ဒဏ်ရာရသူ တဒါဇင်ကျော်ကို ဒေသတွင်း ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းက မဟာကွန်း ပွဲတော်မှာလည်း အရုဏ်မတက်မီ လူအုပ်ပြိုမှုအတွင်း လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
သီတင်းပတ်တွေအတွင်း ဟိန္ဒူဘာသာဝင် သန်းပေါင်းများစွာဟာ မြင့်မြတ်တဲ့ မြစ်ဆုံမြစ်ရေမှာ ရေနှစ်ခံဖို့ လာခဲ့ကြတဲ့အတွက် သီတင်းပတ်တွေအတွင်း လူနင်းမိတဲ့ လူအုပ်ပြိုကျတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေ လူစုလူဝေးပွဲတွေမှာ အကြီးစား လူအုပ်ပြိုကျမှု အများအပြားကို ကြုံတွေ့ရလေ့ရှိပါတယ်။
Source : Reuters