
ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်ဖျက်သိမ်းကြေးရှိတဲ့ကိစ္စအပေါ် ဖြေကြားဖို့ တိုက်စစ်မှူး ဟယ်ရီကိန်းက ငြင်းဆိုသွားပါတယ်။
ဟယ်ရီကိန်းဟာ လာမယ့်ဘောလုံးရာသီမစခင် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ စာချုပ်ဖျက်သိမ်းကြေးစတင် အသက်ဝင်မှာဖြစ်ပြီး ပေါင် ၆၇ သန်း ပေးချေမယ်ဆိုရင် ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သတင်းထွက်ပေါ် နေတာပါ။
အဲဒီကိစ္စအပေါ် ဟယ်ရီကိန်းက မဖြေကြားချင်ကြောင်းပြောကြားသွားခဲ့ပြီး ဘိုင်ယန်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောသွားခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ တရာသီအတွင်းမှာ သွင်းဂိုး ၂၀ နဲ့ အထက် ၈ ရာသီ ဆက်တိုက်သွင်းယူထားပြီး ပရီးမီးယားလိဂ်အသင်းတွေက ပြန်လည်ခေါ်ယူလိုနေတာပါ။
ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးကစားသမား အလန်ရှီးယားရဲ့စံချိန်ကို မီဖို ၄၇ ဂိုး လိုအပ်နေသေးတဲ့ ဟယ်ရီကိန်းကို အသင်းဟောင်းစပါး အပြင် အာဆင်နယ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။