
ဩစတြေးလျနိုင်ငံမြောက်ဘက် ကွင်းစလန်းပြည်နယ်မှာ မိုးသည်းပြီး ရေကြီးခဲ့လို့ လူ ၁ ယောက် သေဆုံးတယ်လို့ သြစတြေးလျအာဏာပိုင်တွေက ဖေဖော်ဝါရီ ၂ ရက်မှာအတည်ပြုခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာကို ကုန်းမြင့်ဆီပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါတယ်။
ပြည်နယ်အရေးပေါ်ဌာနရဲ့ သင်္ဘောတိမ်းမှောက်လို့ လူ ၁ ယောက် သေဆုံးခဲ့ပြီး သင်္ဘောပေါ်က လူ ၅ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
အပူပိုင်းလေဖိအားနည်းရပ်ဝန်းမှာ မိုးသည်းတာကြောင့် ရေကြီးရေလျှံခဲ့တယ်လို့ ဩစတြေးလျ မိုးလေဝသခန့်မှန်းချက်ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
၂၄ နာရီအတွင်း မိုးရေချိန်စုစုပေါင်း ၃၀၀ မီလီမီတာ (၁၁.၈ လက်မ) အထိ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဩစတြေးလျနိုင်ငံအရှေ့ဘက်မှာ မကြာခဏရေကြီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် နှစ် ၁ဝဝ အတွင်းအဆိုးဆုံးအနေနဲ့ အိမ်နီးချင်း မြောက်ပိုင်းနယ်မြေကို ရေလွှမ်းမိုးခဲ့ပါတယ်။
Source: Reuters