
လော့အိန်ဂျလိစ်မြို့တော်ဝန် ကာရန်ဘတ်စ်က အစိုးရအဖွဲ့ရဲ့ ပထမဆုံးလုပ်ဆောင်ရမယ့် ဦးစားပေး အချက်က မီးဘေးအန္တရာယ်တိန်းရှောင်ခဲ့ကြတဲ့ ဒေသခံတွေ နေရပ်ပြန်လာရေးပဲဖြစ်တယ်လို့ ပြော ပါတယ်။
မီးဘေးသင့်နေရာတွေမှာ မီသတ်သမားတွေက အသေအချာငြိမ်းသတ်ဖို့နဲ့ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတွေ စတင်မှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေ အမြန်ဆုံးလုပ်မယ်လို့ ဘတ်စ်က ကတိပြုခဲ့တာပါ။
ဒါ့အပြင် ဘတ်စ်က လော့အိန်ဂျလိစ်ရဲ့ ပြန်လည်ပြန်ဆင်ရေးလုပ်ငန်းအတွက် အရာရှိနေရာမှာ ရဲမင်းကြီး ဆိုဘိုရော့ဖ်ကို ခန့်အပ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဒေသခံတွေ နေရပ်ပြန်လာရေးအမြန်ဆုံးဆောင်ရွက်ဖို့ မြို့တော်ဝန်က ဆန္ဒရှိနေတာ ဖြစ်ပြီး စီးပွားရေးတွေ၊ ကျောင်းတွေ၊ ပန်းခြံတွေပြန်လည် လည်ပတ်နိုင်ဖို့ မျှော်လင့် နေပါတယ်။
လော့အိန်ဂျလိစ်တောမီးဟာ ဇန်နဝါရီ ၇ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ၆ နေရာမှာ တောမီး တပြိုင် တည်းလောင်ခဲ့ကာ လော့အိန်ဂျလိစ်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ဒီတောမီးကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး အိမ် ၁၂၀၀၀ ကျော် ပျက်ဆီးခဲ့ကာ တခြားအဆောက်အအုံ တွေလည်း မီးထဲပါခဲ့ပါတယ်။
ပြင်းထန်တဲ့ တောမီးကြောင့် လူပေါင်း ၂၀၀၀၀၀ လောက် ပြောင်းရွှေ့ခဲ့ရပါ တယ်။
လက်ရှိအချိန်မှာ မီးသတ်သမားတွေက ဧက ၄၀၀၀၀ နီးပါး မီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုး စားနေပါတယ်။
အချို့ဒေသခံတွေ နေရပ်ပြန်ခွင့်ရပေမဲ့ အိမ်ပြန်ခွင့်စောင့်ဆိုင်းနေသူ ၁၀၀၀၀ ကျော် ရှိနေသေးတယ် လို့လည်း ဖော်ပြပါတယ်။
Source : Reuters