
ဒီဇင်ဘာ ၂၉ ရက်က ပျက်ကျခဲ့တဲ့ ဂျယ်ဂျူးဂျက်လေယာဉ် black boxes ဟာ ကွန်ဂရစ်တွေနဲ့ မတိုက်မိခင် ၄ မိနစ်အလိုမှာ ပိတ်ထားခဲ့ကြောင်း တောင်ကိုရီးယားပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
black boxes မှာ လေယာဉ်ရဲ့ အချက်အလက်တွေနဲ့ လေယာဉ်မှူးအခန်းထဲက ပြောဆိုသံတွေကို အသံဖမ်းထားတာဖြစ်ပြီး လေယာဉ်ပေါက်ကွဲမှု မဖြစ်ခင် ၄ မိနစ်ကတည်းက ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုကြောင့် လူ ၁၇၉ ဦးသေဆုံးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်း တလျှောက် အဆိုးဝါးဆုံး လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပါတယ်။
လေယာဉ်ဘာ့ကြောင့် ပျက်ကျခဲ့လဲဆိုတာ စုံစမ်းဖို့တပ်ဆင်ထားတဲ့ black boxes ကို ဘာ့ကြောင့် ပိတ်ထားလဲဆိုတာလည်း စုံစမ်းရမှာဖြစ်တယ်လို့ ဝန်ကြီးက ကြေညာချက်မှာ ပြောပါတယ်။
အစောပိုင်းက အသံဖမ်းစက်ကို တောင်ကိုရီးယားမှာ စစ်ဆေးခဲ့ပေမဲ့ ဒေတာရှာမတွေ့တာကြောင့် အမေရိကန် အမျိုးသားလုံခြုံစွာပို့ဆောင်ရေးဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးစေခဲ့တာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပျက်စီးခဲ့တဲ့ လေကြောင်း ပျံသန်းမှုဆိုင်ရာ မှတ်တမ်းတွေပြန်ရယူဖို့ အမေရိကန်က အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဂျယ်ဂျူး 7C2216 ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ တောင်ကိုရီးယား အနောက်တောင်ပိုင်းမှာ ရှိတဲ့ မူအန်လေဆိပ်ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။
မူအန်လေဆိပ် ဆင်းသတ်ချိန်မှာ လေယာဉ်ဝမ်းနဲ့ ဆင်းခဲ့တာဖြစ်ပြီး ပြေးလမ်းချော်ကာ အတားအဆီးတွေနဲ့ တိုက်မိ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လေယာဉ်မောင်းသူတွေကတော့ ဌက်နဲ့တိုက်မိတာကြောင့် အရေးပေါ် ဆင်းဖို့ လိုအပ်တယ်လို့ လေကြောင်း ထိန်းချုပ်ရေးစင်တာကို ပေါက်ကွဲမှုမဖြစ်မီ ၄ မိနစ်လောက်မှာ ပြောခဲ့ပါတယ်။
ဒီလေယာဉ် မတော်တဆမှုမှာ အမြီးပိုင်းမှာ လိုက်ပါခဲ့တဲ့ လေကြောင်း ဝန်ထမ်း ၂ ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Source : Reuters