
ဗင်နီဇွဲလား အတိုက်ခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုကို သမ္မတ ကျမ်းမကျိန်ဆိုမီ ခေတ္တဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ မာဒူရိုက ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ဇူလိုင်လက ကြေညာထားပြီး ကျမ်းမကျိန်ဆိုမီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီးခဲ့တာပါ။
မာဒူရိုဟာ အငြင်းပွားဖွယ် အချက်တွေနဲ့ ရွေးကောက်ပွဲအနိုင်ရခဲ့တယ်လို့ ကြေညာထားပြီး ၃ ကြိမ်ဆက် သမ္မတတာဝန်ကို ထမ်းဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ အသက် ၅၇ နှစ်အရွယ်ရှိ မာချာဒိုဟာ ကာရာကတ်စ် အရှေ့ပိုင်းမှာ ဆိုင်ကယ်ယာဉ်တန်းတွေနဲ့ ဆန္ဒပြချိန် အကြမ်းဖက် တားဆီးခံခဲ့ရတာလို့ အတိုက်အခံတွေက ပြောပါတယ်။
မာချာဒိုကို ဖမ်းဆီးခဲ့တာ မီဒီယာတွေ အာရုံပြောင်းအောင်လုပ်တာ မဟုတ်ဘူးလို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးက စွပ်စွဲချက်တွေကို ငြင်းထားပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မာဒူရိုကို အမေရိကန်၊ စပိန်၊ ကိုလံဘီယာ နိုင်ငံတွေမှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေက ဆန္ဒဖော်ထုတ်ပြီး ဆန့်ကျင်ခဲ့ကြပါတယ်။
ဆန့်ကျင်သူတွေက စပိန်ကို ထွက်ပြေးလာတဲ့ ဂွန်ဇာလက်ဇ်ကို သမ္မတအဖြစ် အတိုက်အခံတွေက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
မာဒူရို အစိုးရဟာ ဂွန်ဇာလက်ဇ်ကို ဆုငွေ ဒေါ်လာ ၁ သန်း ထုတ်ထားတာကြောင့် သူ့နေရာမှာ မာချာဒိုကို အစားထိုးယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။
Source : Reuters