
မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာမှာ ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်ကနေ အကျဉ်းသား ၆၁ ယောက် ပြန်လွတ်လာပါတယ်။
ဒီမနက် ၁၀ နာရီ မှာ စတင်လွှတ်ပေးနေတာဖြစ်ပြီး ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၄ ယောက် ပါဝင်လာတယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။
ပြန်လွတ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ကိုအောင်ဘိုဘို၊ ကိုကောင်းမြတ်ကို၊ ကိုညီညီဇော်၊ ကိုရဲလွင်ဦး၊ ကိုပိုင်မင်းဦး၊ ကိုအော်ဇော်ထက်၊ ကိုကျော်မိုးဟိန်းတို့ဖြစ်ပြီး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကတော့ မမိုးမိုးစံ၊ မစုစုထွန်း၊ မလှလှနွယ်နဲ့ သီတာစိုးတို့ ဖြစ်ပါတယ်။
ပြည်ထောင်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က သာမန် လွတ်ရက်နဲ့ လွတ်သွားခဲ့တဲ့ ရိုးရိုးအကျဉ်းသား ၂ ယောက်နဲ့ ရိုဟင်ဂျာ အမျိုးသား တယောက်ကို ထောင်အပြင်မှာ ရပ်ထားတဲ့ စစ်ကားက ခေါ်ဆောင်သွားပြီး ဒီနေ့အထိ အိမ်ရောက်မလာကြဘူးလို့ မိသားစုနဲ့ နီးစပ် သူတယောက်က ပြောပါတယ်။