
ဘုန်းမောက် ကွင်းလယ်တိုက်စစ်ကစားသမား ကလွိုက်ဗက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပင်နယ်တီ ဟတ်ထရစ် ၃ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ဘုန်းမောက်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဟော်လန်ကစားသမား ကလွိုက်ဗက်က ပင်နယ်တီ သုံးဂိုးသွင်းယူခဲ့တာပါ။
ကလွိုက်ဗက်ဟာ တိုက်စစ်မှူး အီဗန်နယ်ဆင်ကြောင့်ရရှိတဲ့ ပင်နယ်တီ ၃ ကြိမ်ကို ကန်သွင်းပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရလို့ ဂုဏ်ယူဝမ်းမြောက်မိပြီး ပင်နယ်တီကန်သွင်းမှုကို အသင်းရဲ့ ဂိုးသမား ကတ်ပါနဲ့ လေ့ကျင့်ခွင့်ရတာကလည်း ပင်နယ်တီကန်သွင်းမှု စွမ်းရည်တိုးတက်လာစေကြောင်း ကလွိုက်ဗက်က ပြောသွားပါတယ်။