
နတ်မောက်မြို့နယ်တပ်ရင်း၊ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကြိုးကြာနီတပ်ဖွဲ့ တပ်ရင်းမှူးဟာ ရှေ့တန်းစစ်မျက်နှာပြင်တခုမှာ ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ကြိုးကြာနီတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ကိုဇိုးကြီးဟာ နိုဝင်ဘာ ၂၅ ရက်က ပဲခူးရိုးမအနီး တနေရာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပြီး ခေါင်းဆောင်ကောင်းပီသစွာ တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ဗိဿနိုး တပ်ဖွဲ့ဝင်တယောက်က “ဗိဿနိုး စပြီးဖွဲ့စည်းတော့လည်း အများကြီး အလုပ်တွေ လုပ်ခဲ့ကြတယ်။ ရင်းတွေခွဲတော့လည်း ကြိုးကြာနီတပ်ဖွဲ့ကို သူဦးဆောင်ပြီး အခက်အခဲတွေ ကြားကနေ တည်ဆောက်ပေးတယ်။ သူ့နဲ့မတည့်တဲ့သူ နည်းတယ်။ သူ့ကိုချစ်တဲ့သူ များတယ်။ စိတ်ရင်းလည်း ကောင်းတယ်” လို့ ပြောပါတယ်။
ဗိဿနိုး စတင်တည်ထောင်ကတည်းက တော်လှန်ရေးမှာ တစိုက်မတ်မတ်ပါဝင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်သွားခြင်းကို လေးစားဂုဏ်ယူ အလေးနီပြုတယ်လို့ မိတ်ဖက်တပ်ရင်းတွေက ဆိုပါတယ်။
ဗိဿနိုးတပ်က ကရင်နီပြည်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ တခြားတော်လှန်ရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တခြားစစ်မျက်နှာပြင် တွေမှာလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။