
ဂျပန်နိုင်ငံရဲ့ အထင်ကရ အမှတ်သင်္ကေတတခုဖြစ်တဲ့ ဖူဂျီတောင်မှာ နှင်းတွေ ပြန်ကျလာပြီလို့ နိုဝင်ဘာ ၆ ရက်နေ့ ဓာတ်ပုံတွေက ဖော်ပြပါတယ်။
ရာသီဥတုပူနွေးမှုကြောင့် ဖူဂျီတောင်မှာ နှင်းတွေပျောက်ဆုံးခဲ့ရာကနေ အခုအချိန်မှာ နှင်းတွေ ပြန်မြင်တွေ့ရတာပါ။
ဖူဂျီမီးတောင်ထိပ်ပိုင်းမှာ နှင်းတွေဖုံးလွှမ်းတာက နှစ်စဉ်အောက်တိုဘာ ၂ ရက်နေ့ ဆိုစတင်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က အောက်တိုဘာ ၅ နေ့မှာ နှင်းတွေဖုံးခဲ့ပါတယ်။
ဒီနှစ်ကတော့ ဖူဂျီတောင်ရဲ့ထိပ်ပိုင်းမှာ နှင်းဖုံးမှုနောက်ကျခဲ့တာဖြစ်နိုင်သလို တောင်ထိပ်ပိုင်းကို တိမ်တွေနဲ့ ကွယ်နေလို့ မမြင်နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဂျပန် မိုးလေဝသက ဆိုပါတယ်။
နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်းက ကောင်းကင်မှာ တိမ်ကင်းစင်နေတုန်း ဓာတ်ပုံဆရာတွေက ဖူဂျီတောင်ရဲ့ ပုံကို ရိုက်ယူခဲ့တာဖြစ်ပြီး တောင်ထိပ်မှာ နှင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ရှီဇူအိုခါဒေသက လူတွေကလည်း ဖူဂျီတောင်မှာ နှင်းတွေပြန်တွေ့နေရပြီဆိုတဲ့ ပို့စ်တွေကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
၂၀၂၃ ခုနှစ်ကလိုပဲ ဒီနှစ်ဟာ တကမ္ဘာလုံး အပူလှိုင်ဖြတ်မှုကြောင့် အပူစံချိန်တင်ခဲ့ကာ ဂျပန်နိုင်ငံရဲ့ ဒီနှစ်နွေကလည်း အပူဆုံးစံချိန်တင်ခဲ့ပါတယ်။
ခြေလျင်ခရီးထွက်တဲ့ရာသီဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအထိ ဖူဂျီတောင်ဟာ နှင်းတွေအမြဲဖုံးလွှမ်းခဲ့ပေမဲ့ ဒီနှစ်မှာတော့ နှင်းတွေ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
Source: Reuters